Akita has always been one of my dream trips. It took more than 3 hours with Shinkansen from Tokyo Station to Kakunodate and Tazawako Stations.
Akita’s winter scenes are stunning throughout the trip. Snowing in every seconds. People like me who comes from tropical country, I was overwhelmed by Akita’s winter.
Thanks for stopping by.
Hope you enjoy it too.
Locations
Samurai House – Kakunodate
Tazawako, Orae Restaurant, Tsurunoyu Onsen – Semboku
အိမ်မက်တွေထဲက တစ်ခုဖြစ်တဲ့ ဂျပန်နိုင်ငံမြောက်ပိုင်း အခိတ စီရင်စုဆီကို ၂၀၂၂ခုနှစ်ရဲ့ နှစ်သစ်ကူးပိတ်ရက်အတွင်း သွားရောက်ခဲ့ပါတယ်။
တိုကျိုကနေ တိုဟိုးခုဒေသကြီး အခိတစီရင်စုထဲက ခခုနော်ဒတဲ၊ဆန်းဘိုးခုဆိုတဲ့ မြို့တွေဆီ ကျည်ဆန်ရထားနဲ့ ၃နာရီကျော်အကြာ စီးနင်းရပါတယ်။
တိုကျိုကနေ နာရီဝက်လောက်ထွက်လာခဲ့ရင်ပဲ ရထားပေါ်ကနေမြင်ရတဲ့ မြင်ကွင်းတွေဟာ အရောင်တွေတဖြေးဖြေးမှေးမှိန်လာပြီး အဖြူအမဲအတိဖုံးလွှမ်းသွားတာကို ခံစားမြင်တွေ့နိုင်ပါတယ်။
နှင်းဆိုတာဘာမှန်းမသိတဲ့ တိုင်းပြည်ကနေလာတဲ့သူတစ်ယောက်အနေနဲ့ကတော့ အခိတရဲ့ ဆောင်းတွင်းမြင်ကွင်းတွေဟာ ဖော်ပြလို့မရနိုင်တဲ့ ခံစားချက်တွေမျိုးစုံကို ခံစားခဲ့ရပါတယ်။
လွန်ခဲ့တဲ့ ၁၀နှစ်လောက်က အလွန်နာမည်ကြီးခဲ့တဲ့ Iris ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲထဲက ဂျပန်နိုင်ငံမှာရိုက်ခဲ့တဲ့ အပိုင်းတွေဟာ ဒီနေရာလေးတွေမှာရိုက်ခဲ့တာဖြစ်တဲ့အတွက် ကင်ထယ်ဟီးနဲ့ လီဗြောင်ဟွန်းတို့ရဲ့ ပရိတ်သတ်တွေအတွက် လွမ်းမောစရာအမှတ်တရနေရာတွေကို ပြန်လည်မြင်တွေ့ရမှာပါ။
အပြင်မှာ ဒီဗွီဒီယိုထဲကထက် အဆတစ်ရာမကလှတဲ့ နေရာဖြစ်လို့ ဘယ်ပန်းချီရေးလို့မမှီနိုင်တဲ့ အခိတရဲ့ဆောင်းရာသီအလှကို အားလုံးကိုမြင်တွေခံစားစေလိုတဲ့အတွက် အချိန်ရောငွေရောလူရောအကုန်ခံပြီး သွားရောက်ရိုက်ကူးတင်ဆက်လိုက်ပါတယ်။
နေရာများ
ဆာမူရိုင်း အိမ်ရာ – ခခုနော်ဒတဲမြို့
တာဇဝ ရေအိုင် – ဆန်းဘိုးခုမြို့
အိုရအဲ စားသောက်ဆိုင် – တာဇဝရေအိုင်ဘေး
စုရုနော်ယူး အွန်းဆန်း – ဆန်းဘိုးခုမြို့ နျူးတိုးအွန်းဆန်းရွာ
ကျေးဇူးတင်ပါတယ်။
ဒီ Vlog ကိုကြိုက်နှစ်သက်တယ်ဆိုရင် Subscribe, Comment, Like & Share ပြုလုပ်ပေးခြင်းဖြင့် အားပေးကူညီနိုင်ပါတယ်။ 🙂
Follow Facebook Page –
Follow Instagram –
AloJapan.com